ဖျာပုံ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့်ဖျာပုံမြို့နယ်အတွင်းရှိ ပြည်သူများက မြို့နယ် အတွင်း ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများတွင် သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၂၉၇၉)ပါးအတွက် ဆွမ်းဆန်တော်ဆန်၊ ဆီ၊ ဆား၊ ပဲ ဆက်ကပ်လှူဒါန်းပွဲကို မေလ (၁၄)ရက်နေ့နေ့ လယ်(၂) နာရီခွဲအချိန်က ဖျာပုံမြို့ရတနာ့ သိဒ္ဓိသာသနာ့ဗိမာန်တော်ကြီးတွင် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး၊ ဖျာပုံမြို့ တိုက်သစ်ကျောင်းဦးစီး ပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသ န္ဓမ္မဇောတိကဓဇ၊ ဘန္ဒန္တသူရိယဆရာတော် ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြပြီး၊ သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော် အားရွတ်ပွား သရဇ္စျာယ်တော်မူကြ သည်။
ထို့နောက် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ သာသနာရေးဆိုင်ရာလျှောက် ထားလွှာအား ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက လျှောက်ထား တော်မူပြီး၊သံဃာတော် အရှင်သူမြတ်တို့အား ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆွမ်းဆန်တော်နှင့်လှူဖွယ် ဝတ္တုပစ္စည်းများအား ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ ဖျာပုံမြို့တိုက် သစ်ကျောင်းဦးစီးပဓာနနာယက၊ နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသန္ဓမ္မဇောတိကဓဇ၊ ဘန္ဒန္တသူရိယ ဆရာတော် ဘုရားကြီး ထံမှအနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း နှင့်အဆိုပါလှူဒါန်းပွဲတွင် ဖျာပုံမြို့နယ် အတွင်းရှိကျောင်းပေါင်း(၃၀၈)ကျောင်း အတွက် ဆွမ်းဆန်တော် (၄၉၆)အိတ်၊ ဆီ(၁၄၈၉)ပိဿာ၊ ဆား (၇၄၄)ပိဿာ၊ ပဲ( ၁၄၈၉)ပိဿာ၊ စုစုပေါင်းတန်ဖိုး ငွေကျပ်(၃၀၇၉၀၀၀၀)ဖြစ်ကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)