အထက်မင်းလှ မေ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ကဆုန်လပြည့်နေ့၌ မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်လှူပွဲကို ယမန်နေ့ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့တွင် ကဆုန်လပြည့်နေ့၌ မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပပြုလုပ်ရာတွင် မြို့မရပ်ကွက်ရှိ ရွှေဘုန်းသာဘုရားရှေ့မှ ရုံးရပ်မြောက်ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ရှေ့အထိ ဆရာတော်အရှင်သူမြတ်များမှ လှည့်လည်အပူဇော်ခံခဲ့သည်။ အဆိုပါ ဆွမ်းဆန် စိမ်းလောင်းလှူပွဲသို့ မင်းလှမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော်အပါး (၂၀၀)ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အသီးသီးမှအလှူရှင်များက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများအား လောင်းလှူခဲ့ကြကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)