လပွတ္တာ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာ ခရိုင်၊လပွတ္တာ မြို့နယ် သကျမာရဇိန် ဘုရားကြီး တွင် ယမန်နေ့ ကဆုန်လပြည့်နေ့ နေလည် ၂ နာရီ အချိန်က မြို့နယ်အတွင်း သီတင်းသုံး နေထိုင်ကြသော ရဟန်း၊ သံဃာ၊ သီလရှင် ဆရာကြီး၊ ဆရာလေးတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား လှူဖွယ်ဝတ္ထု ဆပ်ကပ်လောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
အဆိုပါ ကဆုန်လပြည့်နေ့ ဆွမ်းဆန်တော် ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဇော်မျိုးညွှန့်က ကြွရောက်တော်မူကြ သောသံဃနာယက ဆရာတော်ကြီးများအား သာသနာရေးကိစ္စများ လျှောက်ထားတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်မြို့နယ်အတွင်းရှိ စေတနာရှင်များမှ စုပေါင်း လှူဒါန်းသော ဆွမ်းဆန်တော်(၂၇၅)အိပ် ၊ ဆီ (၈၂၃)ပိသာ၊ ဆား(၁၆၄၆)ပိသာ၊ ပဲ ( ၈၂၃)ပိသာ ၊ စုစုပေါင်းတန်ဘိုး ငွေကျပ် (၁၆၄၆၀၀၀၀) ကျပ်နှင့် လှူဖွယ်ဝတ္ထုအစုစု့တို့အားခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံအလှူရှင်များနှင့် လူမှုရေးအသင်းအဖွဲ့တို့မှ ဆပ်ကပ် လှူဒါန်း ပူဇော်ခဲ့ကြ ကြောင်း သိရသည်။
လပွတ္တာ ခရိုင်(ပြန်/ဆက်)