ဟင်္သာတ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ်တွင် မေလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူများမှ စုပေါင်းလှူဒါန်းသော ဆီ၊ ဆား၊ ပဲ၊ ဆွမ်းဆန်တော်များ လှူဒါန်းပွဲ ကို ဟင်္သာတမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး နောက် ဟင်္သာတမြို့ မိုးကောင်းကျောင်းတိုက် ဦးစီးပဓာန နာယက ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ ( အဂ္ဂမဟာ ပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇေတိက၊ ပါဠိပါရဂူ) ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက သာသနာရေးဆိုင်ရာများ လျောက်ထားကာ တာဝန်ရှိသူများက သံဃာတော် အရှင်သူမြတ်များအားလှူဘွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ဘုရားကြီးထံမှလှူဒါန်းမူအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ဟင်္သာတခရိုင်၊ ဟင်္သာတ မြို့နယ်အတွင်း မှီတင်းသီတင်း သုံးတော်မူကြသော ဘုန်းတော်ကြီး ကျောင်းပေါင်း (၄၇၂)ကျောင်းတို့မှ ရဟန်းတော် (၁၉၁၁)ပါး၊ သာမဏေ( ၁၄၇၆)ပါး စုစုပေါင်း(၃၃၈၇)ပါးနှင့် သီလရှင်(၅၉၅)ပါးတို့အား ဆွမ်းဆန်တော် ၆၆၃ အိတ်၊ ဆီ ၁၉၉၁ ပိဿာ ၊ ဆား ၇၄၅ ပိဿာ၊ ပဲ ၁၉၉၁ ပိဿာ စုစုပေါင်းတန်ဘိုးငွေ (၃၉၈၂၀၀၀၀)ကျပ်တန်ဘိုး တို့ကိုလှူဒါန်းခဲ့ကြကြောင်းသိရသည်။
ကိုဇော်-ဟင်္သာတ