ဝါးခယ်မ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဝါးခယ်မမြို့နယ်ရှိ ပြည်သူများ၏ လှူဒါန်းမှုဖြင့် မြို့နယ်အတွင်း သီတင်းသုံးလျက်ရှိသော ရဟန်း၊ သာမဏေနှင့်သီလရှင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့်လှူဖွယ်ပစ္စည်း(၄)မျိုး ဆက်ကပ်လှူဒါန်းပွဲကို မင်းပိုင်းရပ်ကွက် ကွမ်းခြံကုန်းကျောင်းတိုက်၌ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များက သြဝါဒစရိယ ဆရာတော်ဘဒ္ဒန္တဝိမလာစာရထံမှ ငါးပါးသီလခံယူဆောက်တည်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်က သာသနာရေးဆိုင်ရာ လျောက်ထားလွှာအား လျှောက်ထားခဲ့ကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆရာတော် အရှင်သူမြတ်များအား လှူဖွယ်ဝထ္တုများ ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်အတွင်းရှိဘုန်းတော်ကြီးကျောင်း(၄၄၄)ကျောင်း၊ သီလရှင်ကျောင်း(၄၅)ကျောင်း၊ စုစုပေါင်း (၄၈၉)ကျောင်းတွင် သီတင်းသုံးနေထိုင်လျက်ရှိသော ရဟန်း (၁၃၅၉)ပါး၊ သာမဏေ(၅၁၂)ပါး၊ သီလရှင်(၁၅၄)ပါး၊ စုစုပေါင်း(၂၀၂၅)ပါးတို့အား (၁)ပါးလျင် ဆန်(၄)ပြည်၊ စာသုံးဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ကုလားပဲ (၁၅)ကျပ်သားနှုန်းဖြင့် ဆပ်ကပ်လှူဒါန်းခဲ့ရာ စုစုပေါင်းလှူဒါန်းငွေ (၂၀,၈၇၀၇၀၀)ကျပ်ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်လင်း(ဝါးခယ်မ)