ငရုတ်ကောင်း မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခမ်းမတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူများက ငရုတ် ကောင်းမြို့အတွင်း သီတင်းသုံးတော်မူသော ရဟန်း၊ သာမဏေ၊ သီလရှင်အပါး (၁၀၀)တို့အား ဆွမ်းဆန်တော်(၁၇)အိပ်၊ ဆီ(၅၀)ပိဿာ၊ ဆား(၅၀)ပိဿာနှင့် ပဲ(၁၀၀)ပိဿာ၊ တန်ဖိုးငွေစုစုပေါင်း (၁၅၄၅၀၀၀)ကျပ်ရှိ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နေ့လည် ၂ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင်ငရုတ်ကောင်းမြို့ ဓမ္မိကာရုံကျောင်းတိုက်နှင့် ဓမ္မဝိဟာရကျောင်းတိုက်တို့မှဆရာတော်၊ သံဃာတော်(၅)ပါးနှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများက အခမ်းအနားကို နမောတဿသုံးကြိမ်ရွက်ဆိုဖွင့်လှစ်ခြင်း ကြွရောက်လာသောဆရာတော်၊ သံဃာတော်များက ငါးပါးသီလ၊ ပရိတ်တရားနှင့်ကဆုန်လပြည့်နေ့၏ ထူးမြတ်လှပုံတရားတော်များကိုဟောကြားခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှု အစုစုအားရေစက်ချအမျှပေးဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)