လဟယ် မေ ၁၅
စစ်ကိုင်းတိုင်းဒေသသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီး နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲကို ယနေ့မနက် ၉ နာရီအချိန်က လဟယ်မြို့ ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းထွန်း၀င်းက တင်ဒါဖွင့်ပွဲအမှာစကားပြောကြားပြီးနောက် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးနေမင်းသူက တင်ဒါ ခေါ်ယူရခြင်းနှင့်ပတ်သက်၍ရှင်းလင်းသည်။
ထို့နောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နာဂဒေသခေတ္တဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်းမှ တင်ဒါ စည်းမျဉ်း စည်းကမ်းချက်များနှင့်ပတ်သက်၍ရှင်းလင်းသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားခွင့်ပြုဆောင် ရွက်သွားမည် ဖြစ်ပြီးနာဂဒေသ (လဟယ်၊လေရှီး၊နန်းယွန်း)မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို (lot-၁၉)ခုသတ်မှတ်ပြီး လုပ်ငန်းပေါင်း(၃၀)ခုအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ရာ ဒေသခံကုမ္ပဏီပေါင်း(၄၆)ခုက ၀င်ရောက်ယှဉ်ပြိုင်ကြပြီး(B)အိတ်(ပရိုဖိုင်) အောင်မြင်သည့်ကုမ္ပဏီများအား (B)အိတ်ဆက်လက်ဖွင့်ဖောက်ရွှေးချယ်သွားမည်ဖြစ် ကြောင်း သိရသည်။
လဟယ်(ပြန်/ဆက်)