ရေတာရှည် မေ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့ရှိ ဓါတ်တော်ဘုရားစေတီတော်မြတ်တွင် ညောင်ရေသွန်းပွဲတော်ကို ၁၃၈၄ခုနှစ်၊ ကဆုန်လပြည့်နေ့ဗုဒ္ဓနေ့ မေလ ၁၄ ရက် နံနက်(၉)နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ညောင်ရေသွန်းပွဲတော်တွင် ရေတာရှည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်ဇနီး၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဧည့်ပရိတ်သတ်များက ဓါတ်တော်ဘုရားစေတီတော် ပရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်ကုသိုလ်ယူပြီး မဟာဗောဓိညောင်ပင်၌ မြတ်စွာဘုရားအား ရည်မှန်းဆုတောင်းမေတ္တာများပို့သကာ ညောင်ရေသွန်းလောင်းလှူ ကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)