ပြင်စလူ မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် ပြင်စလူမြို့တွင် ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ) စုပေါင်းကြဲပက်ပွဲကို ယနေ့နံနက် (၈)နာရီအချိန်က ကုန်းကြီးကျေးရွာအုပ်စု ကွင်းအမှတ် N/15 တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါကြဲပက်ပွဲတွင် ပြင်စလူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်း၊ နယ်မြေစခန်းမှူး၊ မီးသတ်တပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆက်သွယ်ရေးဝန်ထမ်းများ၊ ဒေသခံ တောင်သူများနှင့် ပြည်သူများစုပေါင်းကြဲပက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် မြေဆီလွှာဖွဲ့စည်းမှု ကောင်းမွန်ပြီး မြေသြဇာအသုံးပြုမှုမြန်ခြင်း၊ မိုးရေနှင့်အတူ အပေါ်ယံမြေလွှာတိုက်စားပြီး အာဟာရဓာတ်ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ခြင်း၊ ထယ်ထိုးမြေမြုပ်ခြင်းကြောင့် ဆွေးမြေ့မှုမြန်ပြီး သစ်ဆွေးဓာတ်နှင့် အာဟာရများပြန်လည် ရရှိနိုင်ခြင်း၊ ပေါင်းပင်ပေါက်ရောက်မှု နည်းပါးသက်သာခြင်း၊ မြေဆီလွှာအတွင်း အကျိုးပြု သက်ရှိများပွားများစေနိုင်ခြင်း၊ အသုံးပြုလိုက်သော မြေသြဇာများအား အပင်မှအလွယ်တကူ စားသုံးနိုင်ခြင်း၊ ကုန်ကျစရိတ်သက်သာပြီး ပြုလုပ်ရလွယ်ကူခြင်း၊ သဘာဝဓာတ်မြေသြဇာ လျော့ချအသုံးပြုနိုင်သဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုသက်သာစေခြင်း၊ မြေချဉ်မှုကိုလျော့ နည်းသက်သာစေခြင်း၊ နိုက်ထရိုင်ဂျင်ပမာဏများထုတ်ပေးနိုင်ခြင်း စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပြီး အဆိုပါကကြဲပက်ပွဲကို လယ်ဧက(၂၀)ဧကထိ ကြဲပက်ခဲ့ကြောင်းသိရသည်။
ပြင်စလူ(ပြန်/ဆက်)