သံဖြူဇရပ်မြို့၌​ အောင်းသင်းရေးသားသည့် “အနာဂတ်လူငယ်နှင့်အခွင့်အလမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်

သံဖြူဇရပ် မေ ၁၄

ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ မော်လ​မြိုင်ခရိုင်၊ သံဖြူဇရပ်​မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက စာရေးအောင်သင်း​ရေးသားသည့် “အနာဂတ်လူငယ်နှင့်အခွင့်အလမ်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ​ ဒေါ်အေးအေးသီက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်း ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်း  ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာရေးဆရာအောင်သင်းရေးသားသည့် စာအုပ်တွင် ပါရှိသည့် အခွင့်အလမ်းဆိုတာဘာလဲ၊ လူတော်ဖြစ်အောင်ကြိုးစား၊ လူကောင်းဖြစ်အောင် ကျင့်ကြံ၊ အကြောင်းအရာများကို မိခင်နှင့်ကလေး​​အသင်းဝင် မိနွန်ထောက ဖတ်ကြားဆွေးနွေးသည်။

ဆက်လက်၍ လူငယ်များ အလုပ်အကိုင်ရွေးချယ်ခြင်းနှင့် မိဘများ၏အကူအညီ”၊  တီထွင်ဖန်တီးမှုအခွင့်အလမ်း”၊ ကျွမ်းကျင်မှုဆိုသည်မှာ ထူထောင်ဖန်တီခြင်းအကြောင်းအရာကို မိခင်နှင့်ကလေးအသင်းဝင် ဒေါ်အေးမြမွန်က ဖတ်ကြားဆွေးနွေးသည်။ ထို့နောက် ပြိုင်ဘက်တွေကိုဘယ်လိုယှဉ်ပြိုင်မလဲ ၂၁ ရာစုခေါင်းဆောင်စသည့် အကြောင်းအရာများကို မိခင်နှင့်ကလေးအသင်းဝင် ဒေါ်ဇာခြည်ဖြိုးက ဖတ်ကြားဆွေးနွေးသည်။

စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေး ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းသည် စာဖတ်ပရိသတ် လူငယ်၊ လူရွယ်များ စာဖတ်သည့် အလေ့အကျင့် အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)