ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဌာနရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ပြုလုပ်

ငပုတော မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်တွင် ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမတွင်ကျင်းပသည်။

ရှေးဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ဌာနဆိုင်ရာများအနေဖြင့် အပတ်စဉ် သန့်ရှင်းရေးတွင် ပူးပေါင်းဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အသက် ၁၅နှစ်မှ ၁၆ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်ရက်အတွင်း အပြီးအစီး ထိုးနှံနိုင်ပေးရေးနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ကျောင်းစာသင်ဆောင်များနှင့် စာသင်ခန်းများအား သန့်ရှင်းစွာ ကြိုတင်ပြင်ဆင်ထားနိုင်ရေး၊ ကျေးလက်ဒေသ ဆေးခန်းများတွင်လည်း သန့်ရှင်းသာယာလှပစေရေး၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းတက်နိုင်ရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။ ဆက်လက်ပြီး အဖွဲ့ဝင်(၂) ဗိုလ်မှူးဖြိုးသူရကျော်က အပတ်စဉ်ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးတွင် ပူပေါင်းပါဝင်ဆောင်ရွက်ကြစေရန်နှင့် မိမိဒေသလုံခြုံရေး အလေးထား ဆောင်ရွက်နေမှုများအား ပြောကြားခဲ့ပြီး အဖွဲ့ဝင်(၂)ဦးသန်းဦးက စုပေါင်းလှူဒါန်းမှုပြုလုပ်သည့် ကဆုန်ညောင်ရေသွန်းပွဲနှင့် သံယာတော်များအား ဆီ၊ ဆွမ်းဆန်တော်များ လှူဒါန်းနိုင်ရေး ကိစ္စရပ်များနှင့် ကြိုတင်ပြင်ဆင်ထားနိုင်ရေးအတွက် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်ချက်များနှင့် ကြိုတင်ပြင်ဆင်ထားနိုင်ရေး အခြေအနေများ ပြန်လည်တင်ပြလာမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည် များကို သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ အစည်းအ​ဝေး​သို့ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်များ တက်ရောက်ခဲ့ကြောင်း သိရသည် ။

မြို့နယ် (ပြန်ဆက်)