ငဖဲမြို့နယ်၌ e - ID စနစ် Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများ စိစစ်ဖြည့်သွင်းခြင်းနှင့် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းကြည့်ရှု

ငဖဲ မေ ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် e - ID စနစ် Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများ စိစစ်ဖြည့်သွင်းခြင်းနှင့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းအား ယနေ့နံနက် ၁၀ နာရီက မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာနရုံးတွင် ဌာနဆိုင်ရာများပါဝင်သော စုပေါင်းအဖွဲ့ဖြင့် မေလ ၂ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ e - ID စနစ် Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများ စိစစ်ဖြည့်သွင်းခြင်းနှင့် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆာင်မှုဖြင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာ ရုံးများမှ ကွန်ပျူတာကျွမ်းကျင် ဝန်ထမ်းများ စုပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်နေကြကြောင်း သိရသည်။

ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများ စုပေါင်းအဖွဲ့၏ e - ID စနစ် Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများ စိစစ်ဖြည့်သွင်းခြင်းနှင့် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား လာရောက်ကြည့်ရှုအားပေးပြီး စာရင်းများမှတ်တမ်းဖြည့်စွက်ခြင်းနှင့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးရာတွင် အမှားအယွင်း မဖြစ်ပေါ်စေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မယု (ငဖဲ)