သနပ်ပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ သုံးစွဲရန်မသင့်သော ဆေးဝါးများနှင့်ရသေ့ဆေးခေါ်ထိုင်းဗိန်းတောဆေး ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်

သနပ်ပင် မေ ၁၃



ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ တိုင်းဒေသကြီးစားသုံးသူ​ရေးရာဦးစီးဌာန​မှ ဝန်ထမ်းများ၊ မြို့နယ်တာဝန်ခံ ဦးသိန်း‌ဆွေနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူး‌‌ပေါင်း၍  ယမန်‌နေ့နံနက်ပိုင်းက သနပ်ပင်မြို့‌ပေါ်ရပ်ကွက်များရှိ ဆေးစတိုးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး‌ ဆောင်ရွက်ခဲ့သည်။
အဆိုပါပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ဆေးဆိုင်များ၌ ရောင်းချနေသော  မှတ်ပုံတင်ထားခြင်းမရှိသော ရသေ့ဆေး(သို့မဟုတ်) ထိုင်းဗိန်းတောဆေး ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ အဆိုပါဆေးသည် မြန်မာနိုင်ငံတွင်လည်း တရားဝင်ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိကြောင်းနှင့် သုံးစွဲသူပြည်သူများဘေးအန္တရာယ်ဖြစ်သောပစ္စည်းများ တရားမဝင်တင်သွင်းရောင်းချခြင်းဖြစ်သဖြင့် ဆေးဆိုင်များအနေဖြင့် ရောင်းချခြင်းမပြုလုပ်ရန်၊ ရောင်းချခြင်းများပြုလုပ်ပါက တရားဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးပြောကြာခြင်းဆောင်ရွက်ကာ စားသောက်ကုန်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းဟောပြောခြင်းလုပ်ငန်းများကိုလည်းကောင်း၊ စားသုံးသူနှင့်ပတ်သက်ဆက်နွယ်သည့်အကြောင်းအရာများ၊ ဝန်ဆောင်မှုများနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ ထိခိုက်နစ်နာမှုများနှင့်ပတ်သက်သည့်အကြောင်းအရာများ တိုင်ကြားနိုင်သည့် Website များကိုလည်း အသီးသီးအကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့​ကြောင်း သိရသည်။
လှမိုး (ပြန်/ဆက်)