မော်လမြိုင် မေ ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွန်ကြားရေးမှူးနှင့်အဖွဲ့သည် သံဖြူဇရပ်မြို့နယ်အတွင်းရှိ အစောင့်အရှောက်ခံ သက်ကြီးဘိုး/ဘွားများအား အိမ်တိုင်ရာ ရောက်ထောက့်ပံ့ပေးနိုင်ရေးနှင့် မူလတန်းကြိုကျောင်းများ စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်းနှင့် တာဝန်ရှိသူများ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ လိုက်ပါလျက် သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်ရှိ အစောင့်ရှောက်ခံ သက်ကြီး ဘိုး/ဘွားနှင့် မြို့နယ်ရှိဘိုး/ဘွားရိပ်သာသို့ သွားရောက်ပြီး သက်ကြီးဘိုး/ဘွားများအား ထောက်ပံ့ပေးနိုင်ရေး အတွက် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့သည်။
ဆက်လက်၍သံဖြူဇရပ်မြို့ လူမှုဝန်ထမ်းဦးစီးဌာန မူကြိုကျောင်း၊ အမှတ်(၄)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်း၊ ခလရ(၆၂) မူလတန်းကြိုကျောင်းများသို့ သွားရောက်ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အေးအေးသီ