အုတ်တွင်း မေ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ကျောင်းသား၊ကျောင်းသူများနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး၊ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး အဆင်ပြေချောမွေ့စွာ ပေါင်းသင်း ဆက်ဆံတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် “လူငယ်နဲ့ပေါင်းသင်း ဆက်ဆံရေး” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက တစ်ယောက်အကျိုး တစ်ယောက်ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ လူမိုက်ကို ရှောင်ရှားတတ်စေရန်၊ အပေါင်းအသင်းကြောင့် ဘဝပျက်တတ်တဲ့အကြောင်း၊ အမှန်တရားကို ခွဲခြားတတ်စေရန်၊ နောင်တဆိုတာ နောင်မှရနေခြင်းမျိုး မဖြစ်ရလေအောင် သတိဆောင်ပြီး ပေါင်းသင်းဆက်ဆံရေးကို အလေးဂရုပြုတတ်စေရန်၊ မလုပ်သင့်တာကို မလုပ်မိအောင် နေထိုင်ကြစေရန် စသည့် အကြောင်းအရာများကို တက်ရောက်လာသော စာပေဝါသနာရှင်များ နှင့် အချင်းချင်း အမြင်ချင်းဖလှယ်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်ခင်မာ