ပြည်မြို့ မှော်ဇာကျေးရွာတွင် သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေးသင်တန်းဖွင့်လှစ်

ပြည် မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ မှော်ဇာအုပ်စုကျေးလက်ကျန်းမာရေးဆေးပေးခန်း၌ ယနေ့နံနက် ၉ နာရီအချိန်တွင် ပြည်ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှဦးစီး၍ သွေးလွန်တုတ်ကွေးရောဂါကာကွယ်နိမ်နင်းရေး အသိပညာပေးသင်တန်းပြုလုပ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပြည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နိမ်နင်းရေးလုပ်ငန်းဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းအကြောင်း အသိပညာပေးဟောပြောပြီး ကျေးရွာအလိုက် ကျန်းမာရေးစစ်တမ်းများကောက်ယူပြီး အပတ်စဉ် သက်ဆိုင်ရာကျန်းမာရေးဌာနသို့ တင်ပြပေးပို့ပေးရန် ဆွေးနွေးဟောပြောပြီး ခရိုင်ကျန်းမာရေးဌာနမှ ဆရာနှစ်ဦးကလည်း ခြင်ပေါက်ဖွားရသည့်အကြောင်းအရင်းနှင့် အဘိတ်ဆေးခတ်ရသည့်အကြောင်အရင်း၊ သွေးလွန်တုတ်ကွေးရောဂါဟုသံသရရှိလာပါက သက်ဆိုင်ရာကျန်းမာရေးဌာနနှင့်ဆက်သွယ်၍ ပြသစေလိုကြောင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ အုပ်စု(၉)အုပ်စုမှရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးလုပ်သားများ စုစုပေါင်း(၅၀)ဦးတက်ရောက်ပြီး ယနေ့မွန်းလွဲ(၁)နာရီအချိန်၌လည်း ပေါင်တလည်အုပ်စု၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

မင်းမင်း(ပြန်/ဆက်)