ရေတာရှည် မြို့နယ်ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရေတာရှည် မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်သန့်ရှင်းသာယာလှပရေးအတွက်  စနစ်တကျ စည်းကမ်းဖြင့် အမှိုက်စွန့်ခြင်း၊ မလိုအပ်သည့် ခြုံနွယ်များရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇) နာရီအချိန်မှ (၉)နာရီအထိ  မြို့နယ်ပြည်သူ့ ဆေးရုံဝန်း အတွင်း၊ အပြင် သန့်ရှင်းရေးကို စု​ပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ  မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ နယ်​မြေခံ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်၍ သစ်ကိုင်း၊ သစ်ပင်၊ မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း အမှိုက်​ခြောက်များမီးရှို့ခြင်း၊ ပလတ်စတစ်များ၊ အမှိုက်အစိုများအား အမှိုက်ကားဖြင့် စွန့်ပစ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ရေတာရှည်(ပြန်/ဆက်)