အုတ်တွင်းမြို့နယ်တွင် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

အုတ်တွင်း    မေ     ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကြီးတွင် အုတ်တွင်းစာဖြေဌာမှ ဖြေဆိုအောင်မြင်တော်မူကြကုန်သော စာအောင်သံဃာတော်အရှင်မြတ် တို့အားစူဠဘွဲ့နှင်းသဘင်အောင်လက်မှတ်နှင့် စာအောင်ဆု ဆက်ကပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဗောဓိကုန်းကျောင်းတိုက်၌ ကျင်းပရာ အုတ်တွင်းမြို့နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ် ရဲကျော်ကျော်၊ အမှတ် (၈၀၈) အမြောက်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးကြီး မင်းသူလှိုင်၊ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သံဃာတော်အရှင်မြတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး သာသနာဝံသာရုံတိုက်ကျောင်း ဆရာတော်ဘုရားကြီးထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။ ထို့နောက်တွင် မြို့နယ်သံဃနာယကအဖွဲ့ ဉက္ကဋ္ဌ ဗောဓိကုန်းကျောင်း ဆရာတော်ဘုရားကြီးက စူဠဘွဲ့နှင်းသဘင် ကျင်းပရခြင်းနှင့် ပတ်သက်၍ ဩဝါဒကထာ ချီးမြှင့်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးညီညီ က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ဆက်လက်၍ ဓမ္မာစရိယ ()ပါး၊ ပထမပြန် (ကြီး/လတ်/ငယ်/မူ) (၂၉)ပါး စုစုပေါင်း စာအောင်သံဃာတော် (၃၃)ပါးတို့အား အောင်လက်မှတ်နှင့် ဆုဝတ္ထုပစ္စည်းများအား တာဝန်ရှိသူ များမှ ဆက်ကပ်လှူဒါန်းခဲ့၍ သာသနာဝံသာရုံတိုက် ဆရာတော်ဘုရားကြီးမှ တက်ရောက်လာသော ဧည့်ပရိတ်သတ်များအား ရေစက်ချအနုမောဒနာတရားတော် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခင်မူမူဝင်း(ပြန်/ဆက်)