ပြင်စလူ စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မြို့အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ပြင်စလူမြို့ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက အသက်(၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အသက်(၆)လမှ ၅နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေဆေးလုံး၊ သန်ချဆေးများ တိုက်ကျွေးပေးခဲ့ပြီး ကိုယ်ဝန်ဆောင် မိခင်များကိုလည်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇင်ဖြိုးသူ (ပြန်/ဆက်)