သာယာဝတီ မေ ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (ECCD) သင်တန်းကို ယနေ့နံနက်ပိုင်းက ခရိုင်လူမှုဝန်ထမ်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် အသက်(၃)နှစ်ပြည့်ပြီး(၅)နှစ်မပြည့်သေးသော ရှေးဦးအရွယ်ကလေးသူငယ်များနှင့် အသက်(၅)နှစ်ပြည့်ပြီးသော်လည်း မူလတန်းကျောင်းသို့အပ်နှံခြင်းမပြုရသေးသောသူများအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာဘက်စုံဖွံ့ဖြိုးမှုရရှိစေရန်၊ ဘဝတစ်သက်တာအတွက်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဘက်စုံဖွံ့ဖြိုးမှုရရှိစေရန် ဝန်ကြီးဌာနက သတ်မှတ်ထားသောလမ်းညွှန်ချက်များနှင့်အညီ သင်ရိုးညွှန်းတမ်းအား လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ရပ်ရွာအတွင်းမှ ကလေးသူငယ်ပြုစုပျိုးထောင်သည့်နည်းလမ်းများကို စိတ်ပါဝင်စားသူများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများမှ ဆရာမများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများမှဆရာမများ စုစုပေါင်းသင်တန်းသူ(၃၀)ဦးအား မေလ၂၉ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)