အုတ်တွင်း မေ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ စျေးရပ်ကွက်ရှိ မိခင်နှင့်ကလေးကျန်းမာရေး ဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာတွင် အမျိုးသမီးသူနာပြု ဆရာမ ဒေါ်အေးအေးမော် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား ပေါင်ချိန်တိုင်းခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်ရောဂါ စသည့် ငါးမျိုးစပ်ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ) ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချ ဆေးတိုက်ကျွေးခြင်းတို့အပြင် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်(၆၆)ဦး၊ ကိုယ်ဝန်ဆောင်မိခင်(၂၇)ဦးအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို မေ၁၂ရက်မှ မေ၁၃ရက်နေ့ထိ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း အမျိုးသမီးသူနာပြု ဆရာမဒေါ်အေးအေးမော်ထံမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)