ပဲခူးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ရှိန် မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ပဲခူး မေ ၁၃

ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများ မျှဝေနိုင်စေရန် ရည်ရွယ်၍ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီက  စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် အသိပညာ ဗဟုသုတ ရရှိစေမည့် သုတ၊ ရသ စာအုပ်များကို ခင်းကျင်းပြသထားရာ Youth ClubBook Club အဖွဲ့ဝင်များက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)