မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲအား အိမ်မဲမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်

အိမ်မဲ မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်ပြီး မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကိုယ်စားပြုအသင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လူရွေးပွဲကို ယနေ့တွင် ဆက်လက်ရွေးချယ်လျက်ရှိကြောင်း သိရသည်။

“၂၀၂၂ ခုနှစ် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားအသက်(၁၉)နှစ်နဲ့ အသက် (၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကိုယ်စားပြု အသင်းပါဝင် ယှဉ်ပြိုင်နိုင်ရေးအတွက် လူရွေးချယ်ပွဲကိုမေလ ၁၀ ရက်နေ့ကစတင်ပြီး ယနေ့ထိ အကောင်းဆုံး အားကစားသမားများကို ဇကာတင်ရွေးချယ်နေတာပါ။ အားလုံးပေါင်း (၁၈)ယောက် ရွေးချယ်ပြီး မြောင်းမြခရိုင်မှာ သွားရောက်ပြီး မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ အသင်းတို့ ပါဝင်ယှဉ်ပြိုင် မှာ ဖြစ်ကြောင်း” မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံ ဒေါ်အိအိမျိုး ပြောကြား ချက်အရ သိရသည်။

အဆိုပါ ပြိုင်ပွဲများတွင် မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ အသင်းများထဲမှ ခရိုင်ကိုယ်စားပြု အသင်း(၁) သင်းထပ်မံရွေးချယ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)