အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ၌ ပုံမှန်သင်တန်းများဖွင့်လှစ်မှု၊ ကျောင်းအပ်လက်ခံနေမှုနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်သင်တန်းသစ်များအတွက် လျှောက်လွှာထုတ်ယူနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြည့်ရှုစစ်ဆေး

ကျိုက်လတ် မေ ၁၂

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၌ ပုံမှန်သင်တန်းများဖွင့်လှစ်မှု၊ ကျောင်းအပ်လက်ခံနေမှုနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်သင်တန်းသစ် များအတွက် လျှောက်လွှာထုတ်ယူနေမှုကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်ခန့်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင် (၂) ဦးစိန်မြင့်၊ အဖွဲ့ဝင်(၃) ဦးထွန်းဆွေ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်တို့က အစိုးရ စက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ၌ မေလ (၁၂)ရက်နေ့မှ စတင်၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် AGTI ပထမနှစ်သင်တန်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် AGTI တတိယနှစ်သင်တန်းများ ဖွင့်လှစ်ထားမှုနှင့် ကျောင်းအပ်နှံမှုကိုလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် AGTI ပထမနှစ်သင်တန်းသစ်ဝင်ခွင့် လျှောက်လွှာများ ထုတ်ယူနေမှု ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ AGTI ပထမနှစ် သင်တန်းသစ် ဝင်ခွင့်လျှောက်လွှာများကို (၁၂-၅-၂၀၂၂) ရက်နေ့မှ စတင်၍ ထုတ်ယူနိုင်ပြီး (၃၁-၅-၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်တင်သွင်း ရမည်ဖြစ်ကြောင်းနှင့် အစိုးရစက်မှုလက်မှု သိပ္ပံ (ကျိုက်လတ်) တွင် မြို့ပြ၊ လျှပ်စစ်ဆက်သွယ်ရေး၊ လျှပ်စစ်စွမ်းအား၊ စက်မှုအင်ဂျင်နီယာနှင့် စက်မှုလယ်ယာနည်းပညာဟူ၍ သင်တန်း (၅)မျိုး လျှောက်ထားနိုင်ကြောင်း အစိုးရစက်မှုလက်မှု သိပ္ပံ (ကျိုက်လတ်) ကျောင်းအုပ်ကြီး ဒေါက်တာအောင်ဟိန်းလတ်၏ ပြောကြားချက်အရ သိရသည်။

‌ရီရီမြင့်