လပွတ္တာခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ရွှေခရုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

လပွတ္တာ မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေခရုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့  နေ့လယ် (၂) နာရီအချိန်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျင်းပခဲ့ ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show အစီအစဉ်တွင် လပွတ္တာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံ ကာကွယ်ရေးတာဝန်ခံ ဒေါ်ကေသီလွင်က မူရင်းဒေသနှင့် တည်ရှိပုံ၊ သွင်ပြင်လက္ခဏာ၊ မျိုးပွားခြင်း၊ အလေ့အထနှင့် ပျံ့နှံ့ပုံ၊ ဖျက်စီးမှုလက္ခဏာ၊ ကာကွယ်နှိမ်နှင်းနည်း နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် Talk Show အစီအစဉ်များကို လစဉ်ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လပွတ္တာခရိုင်ပြန်/ဆက်