ပင်လုံ စက်တင်ဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို စက်တင်ဘာလ ၂ ရက်နေ့တွင် စတင်ကာ လွိုင်လင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် ပင်လုံမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကျေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေငြာ ထားကြောင်း သိရသည်။
လွိုင်လင်မြို့နယ်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း(၇)ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၆)ဦး၊ လွိုင်လင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စား လှယ်လောင်း (၅)ဦး၊ လွိုင်လင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း( ၇)ဦး နှင့် ဗမာတိုင်းရင်းသား လူမျိုး၊ ကချင်တိုင်းရင်းသားလူမျိုး၊လားဟူတိုင်းရင်းသားလူမျိုး ၊ လီဆူ တိုင်းရင်းသားလူမျိုး၊ အင်းတိုင်းရင်းလူမျိုး၊ ကယန်းတိုင်းရင်းသားလူမျိုး၊ အာခါ တိုင်းရင်းသား လူမျိူး လွှတ်တော် ကိုယ်စား လှယ်လောင်း နေရာများတွင် နိုင်ငံရေး ပါတီ (၁၇)ခု မှ အသီးသီး ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး တစ်သီး ပုဂ္ဂလပါဝင်ယှဉ်သူ ကိုယ်စားလှယ်လောင်း လောင်း (၆)ဦးရှိကြောင်းသိရသည်။
နန်းမြင့်မြင့်ဆွေ