ဒေးဒရဲမြို့နယ်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ရည်ရွယ်၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ မိုးစပါး၊ နွေစပါး စိုက်ပျိုးကွင်းများအား တာဝန်ရှိသူများက ယနေ့ နံနက်(၁၀)နာရီ၌ ကျေးရွာများအရောက် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဖျာပုံခရိုင်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး​ ကြီးကြပ်မှုအဖွဲ့​​ဥက္ကဋ္ဌ ဦးတင်လင်း ဦးဆောင်၍ ခရိုင်နှင့် မြို့နယ်စိုက်တိုးမြင့်ကြီးကြပ်မှု အဖွဲ့ဝင် များက ဒေးဒရဲမြို့နယ်ရှိ တော်ကမယ်ကျေးရွာအုပ်စု၊ အစိပ်တော်ကမံကျေးရွာအုပ်စု၊ တော်လှကျေးရွာအုပ်စု၊ တော်ဖရုံကျေးရွာအုပ်စု၊ သင်ပေါင်းချောင်ကျေးရွာအုပ်စုနှင့် သဲကုန်းကျေးရွာ အုပ်စုများမှ တောင်သူများအား တော်ကမယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တွေ့ဆုံ၍ မိုးစပါးနှင့် နွေစပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးအတွက် တွေ့ဆုံညှိနှိုင်းခြင်းနှင့် တောင်သူများ၏ လိုအပ်ချက်၊ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး မိုးစပါး၊ နွေစပါး စိုက်ခင်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်နှင့် မြို့နယ်စိုက်တိုးမြင့်အဖွဲ့များက ဆင့်ကူးကျေးရွာအုပ်စုရှိ တောင်သူ ဦးဝင်းမြင့်အောင်၏ တစ်မိုးနှစ်သီး စပါးစိုက်ခင်း စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း