မအူပင် မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ ကွန်ပျူတာတက္ကသိုလ် (မအူပင်)ကျောင်းတွင် မေ ၁၂ ရက်နေ့က ပြန်လည်ဖွင့်လှစ်ကာ ပညာသင်ကြားလျက်ရှိသည်။
ကွန်ပျူတာတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ရာတွင် ပညာသင်ကြားလျက်ရှိသော မောင်မယ် သစ်လွင်များအား တာဝန်ရှိသူများက နွေးထွေးပျူငှာစွာ ကြိုဆိုကာ ဘာသာရပ်အလိုက် ပညာသင်ကြား ပေးလျက်ရှိပြီး ကွန်ပျူတာတက္ကသိုလ် (မအူပင်) ကျောင်းတွင် (၂၀၁၉-၂၀၂၀) ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် (ဒုတိယနှစ်ဝက်) သင်တန်းများ၊ (၂၀၂၁-၂၀၂၂) ပညာသင်နှစ် ပဉ္စမနှစ် (ပထမနှစ်ဝက်) သင်တန်းများ၊ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းများကို ပြန်လည်ဖွင့်လှစ်ပညာသင်ကြားလျက်ရှိကြောင်း ကွန်ပျူတာတက္ကသိုလ် ကျောင်းတာဝန်ခံ ဆရာမကြီးထံက သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)