ဝါးခယ်မ မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ဆေးနှင့် ဆေးဝါးပစ္စည်းအရောင်းဆိုင်များကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ကွင်းဆင်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးစီးမှူး ဦးအောင်မိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဝါးခယ်မမြို့နယ် မြို့မဈေးအတွင်း/အပြင်ရှိ ဆေးနှင့်ဆေးဝါးပစ္စည်း အရောင်းဆိုင်များတွင် စံမညီ ဆေးဝါးများ၊ တရားမဝင် Plater နှင့် ရသေ့ဆေး(သို့) တိုင်းဗိန်တောဆေးများ ရောင်းချခြင်းရှိ/မရှိကို မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးရာ စံမညီ ဆေးဝါးများ၊ တရားမဝင် Plater နှင့် ရသေ့ဆေး(သို့) တိုင်းဗိန်တောဆေးများရောင်းချခြင်း မရှိကြောင်း တွေ့ရှိ ရပြီး လိုအပ်သည်များနှင့် ဆောင်ရန်ရှောင်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း