အိမ်မဲမြို့နယ် ကွင်းကျောင်းပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒိယ (ဗဟိုဝန်ဆောင်) အား နိုင်ငံတော်မှ မဟာဂန္တဝါစကဘွဲ့တော်ချီးမြှင့်သောကြောင့် ဆရာတော်အား ပူဇော်ပွဲကျင်းပမည်

အိမ်မဲ မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ကွင်းကျောင်းပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော်ဘဒ္ဒန္တနန္ဒိယ (ဗဟိုဝန်ဆောင်)အား နိုင်ငံတော်မှ မဟာဂန္တဝါစက ဘွဲ့တော်ချီးမြှင့်သောကြောင့် ဆရာတော်အား ပူဇော်ပွဲကို မေလ ၂၂ နေ့တွင် မိုးကုတ်ဓမ္မာရိပ်သာအမှတ်စဉ် (၂၉) တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူဇော်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော် ဦးဆောင်၍ ပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ၊ ဘဏ္ဍာရေးရှာဖွေရေးဆပ်ကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးဆပ်ကော်မတီ၊ ဖျော်ဖြေရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီနှင့် လှည့်လည်ပူဇော်ပွဲ ဆပ်ကော်မတီများဖြင့် ခမ်းခမ်းနားနား ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)