ဒိုက်ဦး မေ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနည်းပညာပေး သင်တန်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူးက မြစိမ်းရောင် စီမံကိန်းနှင့်ပတ်သက်၍လည်းကောင်း၊ ဆည်မြောင်းဦးစီးအရာရှိက နွေစပါးစိုက်ပျိုးရေးအတွက် ရေရရှိရေးကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူးက အသားကဏ္ဍ တိုးတက်ရေးအတွက်လည်းကောင်း၊ စက်မှုလယ်ဦးစီးမှူးက ကောက်စိုက်စက်၊ ရိတ်သိမ်းစက်များ အကြောင်းကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးအသိပညာပေးနှင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးက ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စိုက်ပျိုးရေး၌ အဓိကဖြစ်သော မြေ၊ မျိုး၊ ပိုးအကြောင်းများကိုလည်းကောင်း ပြောကြားခဲ့ပြီး တောင်သူကြီးများ၏ သိလိုသည်များ သက်ဆိုင်ရာများက ရှင်းလင်း ပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဆည်မြောင်းဦးစီးအရာရှိ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး၊ စက်မှုလယ်ယာဦးစီးမှုး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူးနှင့် ဖိတ်ကြားထားသော တောင်သူဦးကြီးများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)