ပုသိမ်ကြီး၊ စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံး တို့နှင့်ပူးပေါင်း၍ United Pacific Co.,Ltd နှင့် Advance Myanmar Star Co.,Ltd တို့၏ ပံ့ပိုးကူညီမှုဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက ပုသိမ်ကြီးမြို့နယ် အောင်မင်္ဂလာ(၁) ရပ်ကွက် ဓမ္မာရုံ၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်တွင် ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ ပုသိမ်ကြီးမြို့နယ်၌ ရပ်ကွက်ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပြီး ယခုလက်ရှိတွင် (၃၈၈၄) ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့သည်။
သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ယဉ်ဦး၊ ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်း၊ လက်ထောက်မြို့နယ်ဦးစီးမှူး ဦးမျိုးဝင်ကြိုင်နှင့်ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ဇာနည်ကိုကို