မေတ္တာ စက်တင်ဘာလ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းဦးဆောင်သော ဌာနဆိုင်ရာများ၊ ထားဝယ်မြို့ ကြက်ခြေနီတပ်ဖွဲ့ဝင်များလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် များနှင့်ကျေးရွာများ သို့ ကိုဗစ်−၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန် အသံချဲ့စက်များ ဖြင့် စက်တင်ဘာလ ၃ရက်နေ့ နံနက် ၉နာရီက အချိန်ကလိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ နှိုးဆော်ရာတွင် မြို့ပေါ်ရပ်ကွက်(၁/၂/၃)ရပ်ကွက်များအတွင်းရှိပြည်သူများကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကိုဆက်လက်ထိန်းချုပ်နိုင်ရန်နှင့်ပြည်သူများ တိကျစွာ လိုက်နာနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေး ကြေငြာချက်များ ဖြစ်သည့် လူစု၊လူဝေးသွားရောက်ခြင်း ရှောင်ကြဉ်ကြရန်၊ ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း လက်ကို စနစ်တကျ ဆေးကြော သန့်စင်ကြရန် စသည့် ကာကွယ်ရေး နည်းလမ်းများ ကို ပြည်သူများ သိရှိစေရန် အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်း၊အသိပညာပေး စာစောင်များ ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်း(Mask)များအခမဲ့များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နန်းခလိုက်(မေတ္တာ ပြန်/ဆက်)