ပျဉ်းမနား မေ ၁၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ စိုက်ပျိုးရေးသိပ္ပံကျောင်းသို့သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းရီက ကျောင်းအပ်လက်ခံ ဆောင်ရွက်နေမှုအခြေအနေများ၊ စာသင်ခန်းများပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများ၊ အမျိုသား/အမျိုးသမီးအိပ်ဆောင်များ စီစဉ်ထားရှိမှုများနှင့် သင်ကြားပို့ချသွားမည့်ဘာသာရပ်ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံဖြစ်တာနဲ့အညီ စိုက်ပျိုးရေးသိပ္ပံကျောင်းများရဲ့အခန်းကဏ္ဍသည်လည်း များစွာအရေးပါကြောင်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများမှ နိုင်ငံတော်အတွက် အကျိုးပြုကြမည့် ကျောင်းသား/ကျောင်းသူများကို အရည်အချင်းပြည့်ဝစွာ မွေးထုတ်ပေးကြဖို့လိုကြောင်း၊ ကျောင်းဖွင့်ရာသီတွင် သင်ကြားရေးဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေစွာ ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိရန်လိုကြောင်းနှင့် စိုက်သိပ္ပံကျောင်းဝန်းအတွင်း သန့်ရှင်းသပ်ရပ်ကာ စိမ်းလန်းစိုပြေနေစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်ထားရှိရန်လိုကြောင်း မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် စိုက်ပျိုးရေးသိပ္ပံကျောင်းအတွင်းရှိ စာသင်ခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်