၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မိုးမြေပဲ စိုက်ဧက ၂၇၆၂၃ဧက လျာထား

မန္တလေး စက်တင်ဘာလ ၃

 မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မိုးမြေပဲ စိုက်ဧက ၂၇၆၂၃ဧက လျာထားကြောင်း သိရသည်။

အဆိုပါ မိုးမြေပဲများကို ဇူလိုင်၊ သြဂုတ် မိုးတွင် အပြီးစိုက်ကာ  ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် အပြီးရိတ်သိမ်းသွားမည်ဖြစ ်ကြောင်း၊ ယခင်က စိုက်ပျိုးနေသည့် မျိုးများမှ အထွက်ကောင်းပြီး အရည်အသွေးပိုမိုကောင်းမွန်သည့် မြေပဲမျိုးများဖြစ်သည့် မကွေး ၁၁၊ မကွေး ၁၆၊ မျိုးသန့်ပွားများစိုက်ပျိုးထုတ်လုပ်ပြီး မျိုးကောင်း မျိုးသန့် ဖလှယ်သည့်လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။                   

" မြေပဲစိုက်ပျိုးထုတ်လုပ်တဲ့အခါ အစားအစာဘေးကင်းလုံခြုံဖို့အတွက် ပိုးသတ်ဆေးလျှော့ချသုံးစွဲဖို့ လုပ်ငန်းစဉ်တစ်ခုပါတယ်၊ ပိုးသတ်ဆေးဟာ ဓာတ်ကြွင်းအာနိသင် ရှိစေတတ်တဲ့ သဘောသဘာဝရှိတဲ့ အတွက်ပိုးသတ်ဆေးသုံးစွဲမှုနည်း စနစ်မမှန်ကန်ဘူး ဆိုရင်ဓာတ်ကြွင်းအာနိသင်တွေများလာတဲ့အခါ မှိုတော့ မရှိပေမယ့်ပိုးသတ်ဆေး ဓာတ်ကြွင်းအာနိသင်ကလည်းရှိနေတတ်တယ်၊ ဒါကြောင့်ပိုးသတ်ဆေးဓာတ်ကြွင်း အာနိသင်လည်း ကင်းရမယ်၊ မှိုလည်းလျှော့ချနိုင်ရမယ်။

အရင်ကလည်းဆောင်ရွက်နေတာရှိပါတယ်၊ ကျယ်ကျယ်ပြန့်ပြန့်မလုပ်နိုင်တာ၊ အခုနောက်ပိုင်းမှာ စိုက်ပျိုးရေးဦးစီးဌာနကနေ GAP ပေါ်မှာအခြေခံပြီး လုပ်ငန်း တွေဆောင် ရွက်သလို တစ်ဖက်ကလည်း တိုင်း ဒေသကြီးအစိုးရ Food Safety Project အစားအစာဘေးကင်းလုံခြုံဖို့အတွက် လုပ်ငန်းစီမံချက်တွေချပြီး တဲ့အခါ လုပ်ငန်းဆောင်ရွက်မှုမှာ ပိုမိုလျင်မြန်သွက်လက်ပြီး သိသာမြင်သာတဲ့အထိရောက်လာတာဖြစ်ပါတယ်။"ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးမင်းကပြောသည်။

အဆိုပါ မြေပဲသီးနှံကို Aflatoxin လျှော့ချရေးအတွက် ညောင်ဦးမြို့နယ်တွင် စီမံချက်ချဆောင်ရွက် လျက်ရှိပြီး တောင်သူများကို ပိုးသတ်ဆေးသုံးစွဲရာတွင် စနစ်တကျသုံးစွဲနည်းများအားအသိပညာပေးခြင်းများ၊ Dry မိုးကာခံ၍ စနစ်တကျ လှမ်းခြင်းသိုလှောင် ခြင်း စသည့်နည်းစနစ်များပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရ သည်။   ထိပ်ထားနိုင်

ထိပ်ထားနိုင်