မလှိုင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲဖြေဆို

မလှိုင် မေ ၁၁

မလှိုင်မြို့၊ အမှတ် (ရပ်ကွက်၊ နယ်မြေ (၁၀)၊ အခြေခံပညာအထက်တန်းကျောင်း (မလှိုင်) တွင် ၂၀၂၂ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ (စတုတ္ထနေ့) ကို ယမန်နေ့ မွန်းလွဲ () နာရီအချိန်၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲသို့ ပထမကြီးတန်း စာရင်းရှိ (၂၀) ပါး၊ ဖြေဆို (၁၇) ပါး၊ ပျက်ကွက် () ပါး၊ ပထမလတ်တန်း စာရင်းရှိ (၁၇) ပါး၊ ဖြေဆို (၁၁) ပါး၊ ပျက်ကွက် () ပါး၊ ပထမငယ်တန်း (၁၆) ပါး၊ ဖြေဆို (၁၄) ပါး၊ ပျက်ကွက် () ပါး၊ အခြေပြု မူလတန်းစာရင်းရှိ (၃၈) ပါး၊ ဖြေဆို (၃၀) ပါး၊ ပျက်ကွက် () ပါး ဝင်ရောက်ဖြေဆိုလျက်ရှိပါသည်။

စာမေးပွဲ ကြီးကြပ်ဆရာတော်များ၊ စာဖြေသံဃာတော်၊ ရှင်သာမဏေ၊ သီလရှင်ဆရာလေးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဝန်ထမ်းများမှ မန်ကျည်းဖျော်ရည်၊ အချိုရည်များနှင့် ရေသန့်များ ဆက်ကပ်လှူဒါန်းခဲ့ပါကြောင်း သိရှိရသည်။

အောင်ဌေး(မလှိုင်)