ဇလွန် မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ပြည်သူလူထုတိုင်း ရှေးဦးပြုစုခြင်း တက်မြောက်စေရန်နှင့် တက်မြောက်ထားသည့် ရှေးဦးပြုစုခြင်း ပညာရပ်များဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် ရှေးဦးပြုစုခြင်း ပညာရပ်များကို တက်မြောက်ထားခြင်းအားဖြင့် လူသားခြင်းစာနာထောက်ထားမှု၏ စံနမှုနာပြအဖြစ် ထိခိုက်ဒဏ်ရာရရှိသူများ၏ မဆုံးရှုံးသင့်သော အသက်များကို ကယ်တင်ပေးနိုင်သည့်အပြင် ခန္ဓာကိုယ်မသန်စွမ်းမှုများကို ကာကွယ်ပေးနိုင်ရန် ရည်ရွယ်၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို အ.ထ.က(၂) ဇလွန်တွင် ယနေ့နံနက် ၁၀ နာရီအချိန်တွင် ဖွင့်လှစ်ခဲ့သည်။
ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးမျိုးဆွေ၊ ဟင်္သာတမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးကျော်မြင့်ဦးတို့က ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုခြင်း အခြေခံသဘောတရား၊ လူနာစမ်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း အကြောင်းအရာများ၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း ၊ သတိလစ်ခြင်း ၊ မူးမေ့ခြင်း ၊ အဆိပ်မိခြင်း ၊ သတ္တဝါများကိုက်ခြင်း ၊အရိုးကျိုးခြင်း၊ အဆစ်လွှဲခြင်း၊ ကြွက်သားနှင့် အရိုးဆက် အကြောဒဏ်ရာများအကြောင်း၊ လူနာကိုင်တွယ်ခြင်း၊ သယ်ဆောင်နည်းများ၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း၊ လက်တွေ့ပတ်တီးစည်းနည်းများ စသည့် ဘာသာရပ်များကို မေလ (၁၁)ရက်နေ့မှ (၁၃)ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၃၃)ဦး တက်ရောက် သင်ကြားကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)