လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအစဉ်ဖြင့် စက်ရုံ၊အလုပ်ရုံများတွင် ကွင်းဆင်း စစ်ဆေးမှုပြုလုပ်

လောင်းလုံး စက်တင်ဘာ ၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရေးအစီအစဉ်ဖြင့် စက်ရုံ၊အလုပ်ရုံများတွင် ကျန်းမာရေး ဝန်ကြီးဌာန၏လမ်းညွှန်ချက်အတိုင်း လိုက်နာ ဆောင်ရွက်မှုရှိ/မရှိကွင်းဆင်းစစ်ဆေးမှုကို ယနေ့ နံနက် ၈ နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်မှုများကြောင့် လောင်းလုံးမြို့နယ်အတွင်းရှိ လူစုလူဝေးနေရာများဖြစ်ကြ သည့်စက်ရုံ၊အလုပ်ရုံများတွင် နှာခေါင်းစည်း(Mask)များတပ်ဆင် လာကြ သောကြောင့်ရောဂါကူးစက်ပြန့်ပွားမှု များမရှိစေရန် ကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ကျန်းမာရေးအသိပညာပေးခြင်းများကိုလည်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးကျော်ဌေးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းပြီး လောင်းလုံးမြို့နယ်၊ ကမြောကြီးကျေးရွာ အတွင်းရှိ သီဟိုစေ့ခွဲအလုပ်ရုံများအား စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းနှင့်ကျန်းမာရေးဝန်ကြီးဌာ၏လမ်းညွှန်ချက် နှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိပါက အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။

သိန်းသိန်း