သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်းများထုတ်ပြန်ကြေညာထားရှိ

 သာစည် စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင်  ၂၀၂၀  ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင် ကြမည့်   လွှတ်တော်ကိုယ်စားလှယ်လောင်း  အမည်စာရင်းများကို  မဲဆန္ဒရှင်ပြည်သူများ သိရှိစေရန်၏  ဩဂုတ်  ၃၀  ရက်မှ စတင်၍    မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊     ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ထုတ်ပြန် ကြေညာ ထားကြောင်းသိရသည်။

 ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို  သာစည်မြို့နယ်မှ  ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၇ ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ၅ ဦး၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)တွင် ၆ ဦး၊  တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင်  ၇  ဦးတို့ နှင့်  ရှမ်းတိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း ၅ ဦးတို့ဝင်ရောက် ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်းသိရသည်။

ထွန်းထွန်း(ပြန်/ဆက်)