လားရှိုး မေ ၁၁
လားရှိုးမြို့၊ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေစေရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ယနေ့နံနက်(၁၁)နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေစေရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီအဖွဲ့(၆)ဖွဲ့တို့ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိနေပြီး အဖွဲ့(၁)အနေဖြင့် လားရှိုးမြို့ဝင်မုဒ်ဦးမှ မြို့တွင်းအဝိုင်းပတ်၊ အဝိုင်းပတ်မှကြက်ခြေနီရုံးထောင့်အထိ၊ အဖွဲ့(၂)အနေဖြင့် မြို့တွင်း အဝိုင်းပတ်မှ မန်ဆူဘုရားအထိ၊ အဖွဲ့(၃)အနေဖြင့် မန်ဆူဘုရားမှလားရှိုးကြီးလမ်းဆုံအထိ၊ အဖွဲ့(၄) အနေဖြင့် လားရှိုးကြီးလမ်းဆုံမှATတံတားအထိ၊ အဖွဲ့(၅)အနေဖြင့် လားရှိုးကြီး လမ်းဆုံမှနမ္မတူလမ်းဆုံအထိ၊ အဖွဲ့(၆)အနေဖြင့်နမ္မတူလမ်းဆုံမှ မြို့တွင်းအဝိုင်းပတ်အထိ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများအပိုင်းလိုက်ခွဲ၍ ဆောင်ရွက်နေမှုများကို လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ ကကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ရာ လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်ဇင်က လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားခဲ့ပြီး လားရှိုးခရိုင်အုပ်ချုပ်ရေးမှူးက လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် လိုအပ်မည့်ဆောင်ရွက်ချက်များကို ဖြည့်စွက်မှာကြားခဲ့သည်။
လားရှိုးမြို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၏ မြို့တော်ဖြစ်သည်နှင့်အညီ Smart City & Green City ဖြစ်စေရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် မြေယာရှုခင်းပြုပြင်ခြင်းလုပ်ငန်းများ၊ အားကစားပစ္စည်းတပ်ဆင်ခြင်းလုပ်ငန်းများ၊ ပန်းအလှစိုက်ပျိုးပြုပြင်ခြင်းလုပ်ငန်းများ၊ Landscacing ပြုလုပ်ခြင်းလုပ်ငန်းများပါဝင်ကာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဒေသအာဏာပိုင်၊ မြို့အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ ပါဝင်ပူးပေါင်းကာ လုပ်ငန်းများအောင်မြင်ရေးအတွက် ဆောင်ရွက်နေကြကြောင်း သိရှိရသည်။
ဟန်ဌေး(လားရှိုး)