တန့်ယန်းမြို့နယ်တွင် အခြေခံပညာ GRADE-5 သင်ရိုးသစ်အတွက် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

တန့်ယန်း  မေ  ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ GRADE-5 သင်ရိုးသစ်အတွက် မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်လှစ်ခြင်းတွင် မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း၊ ဘာသာရပ်ဆိုင်ရာအတန်းနှင့် သင်တန်းဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း/ အလယ်တန်း/ အထက်တန်းကျောင်းများမှ ဆရာဆရာမ (၄၄၀)ဦး တက်ရောက်ကာ သင်တန်းကို မေလ ၁၄ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။            

မင်းလွင်ဦး(ပြန်/ဆက်)