မိုးကုတ် ၊ စက်တင်ဘာ ၃
မိုးကုတ်မြို့၊ ညောင်ပင်သာကျေးရွာမှ နယ်မြေမအေးချမ်းမှုကြောင့် နေအိမ်စွန့်ခွာလာခဲ့ကြရပြီး မိုးကုတ်မြို့ ကံတော်ဘုန်း တော်ကြီး ကျောင်းတွင် လာရောက် ခိုလှုံနေကြသော မိသားစု များအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို ယမန်နေ့ကပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ မိုးကုတ်မြို့သို့ နယ်မြေမအေးချမ်းမှုကြောင့် နေအိမ်စွန့်ခွာခိုလှုံလာကြသည့် မိသားစု ၂၄ စုအတွက် စောင်နှင့် ခြင်ထောင်များကို ပေးပို့လာရာ အဆိုပါထောက့်ပံ့ပစ္စည်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦး၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ Dr.အောင်မြင့်နှင့် အသင်းအမှုဆောင်များ ၊ရှောလီဝိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိုးမြင့်နှင့် တာ၀န်ရှိသူများမှ ထပ်ဆင့်ပြန်လည်ပေးအပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များမှ နေရပ်စွန့်ခွာသူများနှင့်တွေ့ဆုံကာ အားပေး စကားများ ပြောကြားခဲ့ကြောင်းသိရှိရသည်။
ဖြိုးမမ(မိုးကုတ်)