တကောင်း မေ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ရှိကျေးရွာများ၌ တောင်သူများ မိုးဦးကာလတွင် ကြားသီးနှံအဖြစ် မိုးပဲတီစိမ်းများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မိုးပဲတီစိမ်းကို တန်းခူးလမှ ကဆုန်လအတွင်းစိုက်ပျိုးကြကာ တစ်လခွဲခန့်အကြာတွင် အဖူး၊အပွင့်များစတင်ဖူးပွင့်ကြပြီး နှစ်လအကြာတွင် ပဲတီစိမ်းများ စတင်ဆွတ်ခူးရောင်းချကြကြောင်းသိရသည်။ ပဲတီစိမ်းမျိုး တစ်ပြည်လျှင် (၄၀၀ဝိ/-)ကျပ်နှုန်းရှိပြီး (၁)ဧကလျှင် (၄)ပြည်နှုန်း ကြဲပက်စိုက်ပျိုးရပြီး (၁)ဧကစိုက်ပျိုးကုန်ကျစရိတ်(၂၀၀,၀၀ဝိ/-)ကျပ်ခန့်ရှိကာ ရာသီဥတုမှန်၍ဖြစ်ထွန်းလျှင် ဆွတ်ခူးချိန်၌ (၁)ဧကလျှင် တင်း(၂၀)မှ တင်း(၃၀)ထိထွက်နှုန်းရှိကြောင်း ပဲတီစိမ်းစိုက်တောင်သူတစ်ဦးထံမှသိရသည်။
သီရိအောင်(တကောင်း)