တွံတေးမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုဒ် အမေကြည်ကုန်းအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

တွံတေး မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော မေရုဒကုန်းတော်ပေါ်ရှိ ရှေးဟောင်းသမိုင်း ဝင်ဆံကေသာဓာတုရွှေဆံတော် စေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုဒ် အမေကြည်ကုန်းတော်အား ရဟန်းရှင်၊ လူပြည်သူအများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်စေရန်အတွက် တွံတေးမြို့နယ် ဌာနဆိုင်ရာများစုပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယမန်နေ့ နံနက် ၇ နာရီက အဆိုပါ ကုန်းတော်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ မြို့ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၀၀) ဦးခန့်တို့က အမေကြည်ကုန်းနော် ပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော်များ ရောင်တော်ဖွင့်ခြင်း၊ ရေသပ်ပယ်ခြင်း ရင်ပြင်တော်သန့်ရှင်းခြင်းနှင့် ကုန်းတော်ရင်းရှိမြက်များ၊ ခြုံနွယ်များ စုပေါင်း သန့်ရှင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တွံတေးသား