ကျိုက်ဒုံ မေ ၁၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးခြင်းသည် နွေရာသီကျောင်းပိတ်ရက်၌ အားလပ်နေသောကလေးများ အသိပညာဗဟုသုတများ ရရှိလာစေရေးနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရေး၊ စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးချတက်နိုင်စေရေး၊ ကလေးများ၏ စိတ်ဓာတ်များ ပျော်ရွှင်တက်ကြွလာစေရေးအတွက် ရည်ရွယ်၍ စာကြည့်တိုက်မှူးဒေါ်နန္ဒာလှိုင်က ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ ကျင်းပဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)