မိုင်းခုတ် မေ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မေ ၉ ရက် မွန်းလွဲ ၂ နာရီက အဆိုပါရုံး၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်၊ ကလေးသူငယ်များနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
အသိပညာပေးနံရံကပ်စာစောင်များတွင် မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ ကမ္ဘာ့ရန်သူဘိန်းဖြူ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူဖေးမကူ၊ မုဒိမ်းမှုမြောက်သောအချက်များ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၉၊ ၃၆၃၊ ၃၆၆၊ ၃၇၆၊ ၄၁၇ နှင့် လိုက်နာရမည့် ကျင့်ထုံးနှင့် လုပ်ထုံး၊ လုပ်နည်းများပါဝင်ကြောင်းသိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေး နံရံကပ် စာစောင်များနှင့် စာအုပ်၊ စာစောင်များကို လစဉ်ပြသလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)