ဘောဂလိမြို့တွင်   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး(Talk Show)  ဆောင်ရွက်

ဘောဂလိ   မေ  ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်နှင့် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမတွင်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး (Talk Show)  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေး (Talk Show) ဆောင်ရွက်မှုမြို့ဦးစီးမှူးဒေါ်ကြည်ကြည်ခိုင်က (Talk Show)  ဆောင်ရွက်ရခြင်း  ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားပြီး ဘောဂလိမြို့စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်ဦးရန်နိုင်ဝင်းက သစ်တောသစ်ပင်များ ဖြစ်ထွန်းစေခြင်းဖြင့် ကျေးငှက်တိရစ္ဆာန်များထိန်းသိမ်းပေးခြင်း၊ ကျေးရွာ၏သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းအားဖြင့်  ဆင့်ပွားရရှိလာမည့်အကျိုးကျေးဇူးများအား  ရရှိခံစားနိုင်ခြင်း၊ ကျေးရွာပတ်ဝန်း ကျင်တခွင် စိန်းလန်းစိုပြည်၍  အရိပ်အာဝါသရရှိစေခြင်း၊ ရအစိုဓါတ်ရရှိစေခြင်း၊ ထို့ကြောင့်  စိုက်ပျိုးပြီးသစ်ပင်များလည်းရှင်သန်စေရေး  ရေလောင်းပေါင်းသင်ပုံမှန်ပြုလုပ်ပေးရန်လိုအပ်ခြင်း  အစရှိသည့်  အသိပညာပေးအကြောင်းအရာများ ဆွေးနွေးပေးခဲ့ကြောင်း  သိရသည်။ 

ကြည်ကြည်ခိုင်(ဘောဂလိ)