တောင်ဥက္ကလာပ မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ GRADE-5သင်ရိုးသစ် မြို့နယ်ဆင့်(ဆင့်ပွား) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉:၃၀)အချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရပါ သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးဝင်းမှ နှုတ်ခွန်းဆက် အဖွင့်အမှာစကား ပြောကြားရာ ယခုဖွင့်လှစ်တဲ့သင်တန်းကို တက်ရောက်ကြတဲ့ သင်တန်းသူ၊ သင်တန်းသား ဆရာ၊ ဆရာမများကို အထူးကျေးဇူးတင်ပါကြောင်း၊ မြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများ၏သင်ကြား၊ သင်ယူမှုအရည်အသွေးမြင့်မား လာစေရန်အတွက် ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ကြောင်း၊ ယနေ့ကျောင်းသားလူငယ်များကို နောင်တစ်ချိန်တွင် လူရည်ချွန်၊ လူရည်မွန်များဖြစ်အောင် သင်ကြားပေးမည့် ဆရာ၊ ဆရာမကို သင်တန်းပို့ချပေးခြင်းသည် အလွန်ကောင်းမွန်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့မြို့နယ်ပညာရေးမှူးနှင့်အတူ သက်ဆိုင်ရာ အခြေခံပညာကျောင်းအုပ်များ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ/ဆရာမများ အင်အား(၂၀၇)ဦး တက်ရောက်ပြီး GRADE(5)သင်ရိုးသစ် မြို့နယ်ဆင့်(ဆင့်ပွား)သင်တန်းကို ယနေ့ ၁၀.၅.၂၀၂၂မှ ၁၃.၅.၂၀၂၂ထိ (၄)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ GRADE-5 သင်ရိုးသစ်လက်စွဲစာအုပ်မှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာနှင့် လူမှုရေးပညာရပ်တို့ကို သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ပြန်လည်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
စိုးဝဏ္ဏထွန်း