ကျုံပျော်မြို့တွင် သက်ကြီး ဘိုးဘွားပူဇော်ပွဲကျင်းပပြုလုပ်

ကျုံပျော် မေ ၁၀

 ပူဇော်ထိုက်သူကို ပူဇော်ခြင်း မင်္ဂလာနှင့်အညီ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊  ကျုံပျော်မြို့နယ်တွင် အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား စုပေါင်း ပူဇော်ပွဲကို ပင်လုံရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ ည‌နေက ပြုလုပ်ခဲ့သည်။

ပူဇော်ပွဲသို့ အောင်ဆန်း၊ တေဇ၊ မြဝတီနှင့် ပင်လုံရပ်ကွက်တို့မှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား(၁၅)ဦး အပူဇော်ခံ ကြွရောက်ခဲ့ပြီး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တက်ရောက်လာသူများက သက်ကြီးဘိုးဘွားများအား ရှိခိုးကန်တော့ကြပြီး၊ ဘိုးဘွားတစ်ဦးချင်းထံသို့ ကန်တော့ပစ္စည်း အလှူငွေများ အသီးသီး ပူဇော်လှူဒါန်း ကြရာ ကန်တော့ခံအဘိုး၊ အဘွားများကိုယ်စား အဘိုးတစ်ဦးမှ ဩဝါဒဆုပေးစကား ပြောကြား ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)