ရွှေဘိုမြို့၌ က​လေးသူငယ် အခွင့်အ​ရေးဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း​ဝေးကျင်းပ

​​ရွှေဘို မေ ၁၀ 

​ရွှေဘိုခရိုင် က​လေးသူငယ် အခွင့်အ​ရေးဆိုင်ရာ​ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း​အ​ဝေးကို ယ​နေ့နံနက် ၁၀ နာရီအချိန်တွင် အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာန အစည်း​ဝေးခန်းမတွင် ကျင်းပရာ က​လေးသူငယ် အခွင့်အ​ရေးများဆိုင်ရာ​ ကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးမှ အဖွင့်အမှာစကား​ ပြောကြားရာတွင် က​လေးသူငယ်များ၏ အခွင့်အ​ရေးများ အပြည့်အဝရရှိ​ရေးအတွက် ခရိုင်​ကော်မတီဝင်များ အ​နေဖြင့် မိမိတို့၏ ပင်မလုပ်ငန်းတာဝန်များကဲ့သို့ အ​လေးထား​ ဆောင်ရွက်ရန်​​ကြရန်နှင့် ရှေ့ဆက်​ဆောင်ရွက်ရမည့် လုပ်ငန်းများအား​ ဆွေး​နွေးပြောကြားခဲ့သည်၊။

ဆက်လက်၍ က​လေးသူငယ် အခွင့်အ​ရေးများဆိုင်ရာ​ကော်မတီ အတွင်း​ရေးမှုး​ ဒေါ်စိမ်းလဲ့ရည်က ဥပ​ဒေနှင့်အညီ က​လေးသူငယ်များ အလုပ်လုပ်ကိုင်ခွင့် ရရှိ​ရေး၊ အလုပ်လုပ်ကိုင်​သော က​လေးသူငယ်များအား ကာအိ​န္ဒြေ ပျက်ပြား​စေမည့် အပြုအမူ အ​ပြောအဆို အပါအဝင် လုပ်ငန်းခွင်​ဘေးအန္တရာယ် ကင်းရှင်း​ရေးနှင့် ကျန်းမာ​ရေး၊ ရပိုင်ခွင့်များ ထိခိုက်နစ်နာ ဆုံးရှုံးမှုမရှိ​စေ​ရေးနှင့် ကာကွယ်​ စောင့်ရှောက်​ရေးတို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာ​ ကော်မတီဝင်များနှင့် ပူး​ပေါင်း​ဆောင်ရွက်ခဲ့မှုများ​​ ရှေ့ဆက်လက်​ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်း​ပြောကြားခဲ့ပြီး တက်​ရောက်လာ​သော ​ကော်မတီအဖွဲ့ဝင်များမှ က​လေးသူငယ် အခွင့်အ​ရေးများဆိုင်ရာ ဥပဒေ(၂၀၁၉ ခုနှစ်)နှင့်အညီ ပြန်လည်​ဆွေး​နွေးခဲ့​ကြောင်း သိရသည်။

  ခရိုင်ပြန်/ဆက်